ကမ္ဘာမှာ နေမ၀င်သော နိုင်ငံများ အကြာင်း
ကျွန်ူပ်တို့နေထိုင်ရာ ကမ္ဘာကြီးမှာ လျှိုဝှက်ဆန်းကြယ်ပြီး ထူးခြားဆန်းကြယ်လှတဲ့အလှတရားများစွာနဲ့ ပြည့်နှက်နေပါတယ်။
အခုပြောပြမယ့်အကြောင်းအရာကို ကြားသိလိုက်ရရင် အနည်းအဆင်မပြေဘူးထင်ရပေမယ့် ဒါတွေဟာ တကယ့်အမှန်တရားတွေပါ။
ကမ္ဘာပေါ်မှာ နေမဝင်တဲ့ နိူင်ငံ ရှိတယ်ပြောရင် သင့်ကို အံ့အားသင့်စေမှာပါ။
ဟုတ်ပါတယ် ဒီအံ့အားသင့်စေတဲ့ နေမဝင်တဲ့နိူင်ငံဟာ ကမ္ဘာမှာ အာတိတ်စက်ဝန်းအတွင်းရှ်ိ နိူင်ငံေတွမှာ တွေ့မြင်ရပါတယ်။အဲ့ဒီနိူင်ငံတွေကတော့
၁။ နော်ဝေနိူင်ငံ
နော်ဝေနိူင်ငံဟာ ဥရောပတိုက် အနောက်မြောက်စွန်းမှာ တည်ရှိပြီး အရှေ့ဘက်တွင် ဒိန်းမတ် ။အရှေ့တောင်နှင့်အရှေ့ဘက်တွင် ဖင်လန် နိူင်ငံ ၊ အနောက်ဘက်တွင် Norwegian ပင်လယ်၊ တောင်ဘက်တွင် North Sea၊ မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာအတွင်းမှ Barents Sea တို့ နှင့် ထိစပ်နေပါတယ်ကာ အာတိတ်စက်ဝိုင်းအတွင်းတည်ရှိနေပါတယ်။ဒီနိူင်ငံမှာတော့ မေလ ကနေ ဇူလှိုင်လ အထိ ၇၆ ရက်ခန့်အထိ နေမဝင်ဘူးလို့သိရပါတယ်။နော်ဝေတနိူင်ငံလုံးမှာ နေမဝင်တာကို တွေ့ရမှာမဟုတ်ပဲ။ နော်ဝေနိူင်ငံ၏ မြောက်ဘက်ဒေသတွေမှာသာ တွေ့မြင်ရမှာပါ။ နာမည်အကြီးဆုံးနှင့် ခရီးသွားလာမှုနေရာတွေကတော့





ဖင်လန်နိူင်ငံဟာ ဥရောပတိုက်အတွင်းမှာတည်ရှိပြီး အနောက်ဘက်တွင် ဆွီဒင်နိူင်ငံ၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် နော်ဝေန်ူင်ငံ၊ အရှေ့ဘက်တွင် ရှရှားနိူင်ငံ နှင့်တောင်ဘက်တွင် Baltic Sea တို့က ဝန်းယံထားပါတယ်။ ဖင်လန်နိူင်ငံဟာ ထောင်ပေါင်းများစွာသော ကျွန်း၊ ရေကန်တို့နှင့် အလွန်လှပပြီး ဆွဲဆောင်မှုအပြည့်ရှိသော နိူင်ငံတခုဖြစ်ကာ နိူင်ငံရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ Lapland ဒေသမှာ ညသန်ခေါင်းယံတွေမှာတောင် နေရဲ့အလင်းရောင်ကို ခံစားတွေ့မြင်ရမှာပါ။ ဒီနိူင်ငံရဲ့ နွေရာသီဖြစ်တဲ့ မေလ ၁၀ ရက်နေ့မှ ဂျူလှိုင်လ အထိ တနေ့လုံး နေရောင်ကို တွေ့မြင်ရမှာပါ။
၃။ ကနေဒါ နိူင်ငံ
ကမ္ဘာပေါ်တွင် ရှရှားနိူင်ငံ ပြီးရင်ဒုတိယအကြီးဆုံးနိူင်ငံဖြစ်တဲ့ ကနေဒါနိူင်ငံဟာ မြောက်အမေရိကတိုက်ရဲ့ မြောက်ဘက်ပိုင်းတွင်တည်ရှိပြီး
တောက်ဘက်တွင် အမေရိကန်ပြည်ထောင်စုသမ္မတနိူင်ငံ၊ မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာ ဒေသနှင့် အနောက်ဘက်တွင် အမေရိကန်ပြည်ေထာင်စုရဲ့ အလက်စကာပြည်နယ်တို့နှင့်ထိစပ်နေပါတယ်။ နွေရာသီရက်တွေမှာဆို ရက်ပေါင်း၅၀ ကျော်အထိ နေရောင်ကို တနေ့လုံးမြင်တွေ့ခံစားနိူင်မှာပါ။ နာမည်ကျော်ကြားပြီး ခရီးသွားတွေလာရောက်မှု အများဆုံးနေရာတွေကတော့
1.Whitehore, Yukon Territories
2. Inukik, Northwest Territories
၄။ အိုက်စလန် နိူင်ငံ
အိုက်စလန် နိုင်ငံ (တရားဝင်အခေါ်အားဖြင့် အိုက်စလန် သမ္မတနိုင်ငံ)သည် ဥရောပ တွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ မစ်ဒ်အတ္တလန္တိတ် ရစ်ဂျ် (Mid-Atlantic Ridge) ဟုခေါ်သည့် ပင်လယ်သမုဒ္ဒရာ အလယ်ရှိ တောင်တန်းကြီးပေါ်တွင်တည်ရှိပါသည်။ဥရောပတိုက်မှာပါဝင်ပြီး ဂရိတ်ဗြိတိန်ကျွန်းစုပြီးရင် ဥရောပတိုက်ရဲ့ဒုတိယအကြီးဆုံးကျွန်းဖြစ်ပါတယ်။အိုက်စလန်နိူင်ငံဟာလည်း ကမ္ဘာပေါ်ရှိ တနေ့လုံးနေမဝင်တဲ့ အလှတရားကိုခံစားဖို့ ကမ္ဘာလှည့်ခရီးသည်အများ သွားရောက်လည်ပတ်လေ့ရှိတဲ့နိူင်ငံငယ်လေးတခုဖြစ်ပါတယ်။မေလ ၁၀ ရက်မှသည် ဇူလှိုင်လ အထိ နေရောင်ခြည်ကို တနေ့လုံးရရှိမှာ ဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြောက်ဝန်ရိုးအလင်းတန်းကို ခံစားရမှာအပြင် တောင်တက်ခြင်း၊ဝေလငါးကြည့်ခြင်း ကဲ့သို့သော အလှတရားများကို ခံစားရမှာပါ။ ၅။ အလက်စကာပြည်နယ်
အလက်စကာပြည်နယ်သည် ဧရိယာအနေနှင့် ကြည့်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စု တွင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ မြောက်အမေရိကတိုက်ကြီး၏ အနောက်မြောက်ဖက် အစွန်ဆုံးတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကနေဒါနိုင်ငံ၊ မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာ နှင့် အနောက်ဘက်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ ရှိကြသည်။ ဘဲရင်း ရေလက်ကြားကို ဖြတ်ကျော်ပြီးလျှင် အနောက်ဘက်တွင် ရုရှားနိုင်ငံ ရှိသည်။ မေလ နှောင်းပိုင်းမှ ဇူလှိုင်လ နောက်ပိုင်းအထိ တနေ့ပတ်လုံး နေဝင်ခြင်းမရှိပါဘူး။ ၎င်း၏ အံ့မခန်းဖွယ် ရေခဲမြစ်နှင့်နှင်းများဖုံးလွှမ်းနေသောတောင်များကြောင့် လှပပြီးရင်သပ်ရှူမောဖွယ်ကောင်းကာ လူသိများပါတယ်။ကမ္ဘာပတ်ခရီးသည်အများစု လာရောက်လှည့်ပတ်ပြီး နေမဝင်တဲ့အလှတရားကို ခံစားကြတဲ့ နေရာတွေကတော့
1.Chugach State Park
2.Denali National Park and Preserve
3.Kenai Fjords National Park
4. Alaska Zoo
တို့ ဖြစ်ပါတယ်။
သုတ၊ရသ ၊ အားကစား နှင့် နိုင်ငံတကာ သတင်းများ
Comments
Post a Comment