Posts

‌ကမ္ဘာမှာ နေမ၀င်သော နိုင်ငံများ အကြာင်း

Image
ကျွန်ူပ်တို့နေထိုင်ရာ ကမ္ဘာကြီးမှာ လျှိုဝှက်ဆန်းကြယ်ပြီး ထူးခြားဆန်းကြယ်လှတဲ့အလှတရားများစွာနဲ့ ပြည့်နှက်နေပါတယ်။ အခုပြောပြမယ့်အကြောင်းအရာကို ကြားသိလိုက်ရရင် အနည်းအဆင်မပြေဘူးထင်ရပေမယ့် ဒါတွေဟာ တကယ့်အမှန်တရားတွေပါ။ ကမ္ဘာပေါ်မှာ နေမဝင်တဲ့ နိူင်ငံ ရှိတယ်ပြောရင် သင့်ကို အံ့အားသင့်စေမှာပါ။ ဟုတ်ပါတယ် ဒီအံ့အားသင့်စေတဲ့ နေမဝင်တဲ့နိူင်ငံဟာ ကမ္ဘာမှာ အာတိတ်စက်ဝန်းအတွင်းရှ်ိ နိူင်ငံ‌ေတွမှာ တွေ့မြင်ရပါတယ်။အဲ့ဒီနိူင်ငံတွေကတော့ ၁။ နော်ဝေနိူင်ငံ နော်ဝေနိူင်ငံဟာ ဥရောပတိုက် အနောက်မြောက်စွန်းမှာ တည်ရှိပြီး အရှေ့ဘက်တွင် ဒိန်းမတ် ။အရှေ့တောင်နှင့်အရှေ့ဘက်တွင် ဖင်လန် နိူင်ငံ ၊ ‌အနောက်ဘက်တွင် Norwegian ပင်လယ်၊ တောင်ဘက်တွင် North Sea၊ မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာအတွင်းမှ Barents Sea တို့ နှင့် ထိစပ်နေပါတယ်ကာ အာတိတ်စက်ဝိုင်းအတွင်းတည်ရှိနေပါတယ်။ဒီနိူင်ငံမှာတော့ မေလ ကနေ ဇူလှိုင်လ အထိ ၇၆ ရက်ခန့်အထိ နေမဝင်ဘူးလို့သိရပါတယ်။နော်ဝေတနိူင်ငံလုံးမှာ နေမဝင်တာကို တွေ့ရမှာမဟုတ်ပဲ။ နော်ဝေနိူင်ငံ၏ မြောက်ဘက်ဒေသတွေမှာသာ တွေ့မြင်ရမှာပါ။ နာမည်အကြီးဆုံးနှင့် ခရီးသွားလာမှုနေရာတွေကတော့ Bodo Lofoten Islands Hammerfest Nordkapp L...